နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
အမှာစာကိုသေချာဖတ်ပါ...blog ကို မျက်နှာပြင်လိုက်ဖွင့်ထားရင် သီချင်းများ အကုန်တက်လာနိုင်သောကြောင့် ညာဘက်မှ နှစ်သက်ရာ သီချင်းခေါင်းစဉ် တစ်ခုခုကိုရွေးရ်ျ နားဆင်ပေးပါရန်
Saturday, October 8, 2011
ဟာသလေးပါ
(ပြန်လည်ကူးယူဖော်ပြပေးထားတာပါ)
         ”သိဘူးလေ”
 .....................................
  မောင်မြက လူလည် ။ လူတကာ လည်ပတ်လိမ်ညာနေတဲ့ သူတစ်ယောက်။
တစ်နေ့  မောင်မြက လူတစ်ယောက်ကို သူ လိမ်ညာတဲ့ကိစ္စမှာ ကြားခံအဖြစ်သုံးဖို့  လိုအပ်နေတော့
ရပ်ကွက်ထဲက မောင်န နဲ့  တွေ့ တယ်။
မောင်နဆိုတဲ့ကောင်ကလည်း လူကသာ အ တာ ။ န တာ ။ ဒါပေမယ့်..သူကလည်း..ဇ နဲ့ ဗျ။
ဖြတ်စားရိုက်စားလုပ်ချင်တယ်။
 တစ်ခါက ခရီးသွားတစ်ယောက် ရပ်ကွက်ထဲမှာ လိပ်စာတစ်ခုမေးတာ။
မောင်န က မသိဘူး ။ မသိဘူး။ချည်းပြောတယ်။
ခရီးသွားက လည်း မအူမလည် ။ မောင်န ကို မုန့် ဖိုးလိုချင်လို့  မသိဘူးချည်းပြောတယ်မှတ်နေတာ။
ဒါနဲ့  သိတယ် ပြောရင် ..မုန့် ဖိုး ၅၀၀ ပေးမယ် ပြောလိုက်တော့..မောင်န ကပိုက်ဆံအရင်ပေးဖို့ 
လူတွေက ယုံရတာမဟုတ်ဘူး ...ပြောပြီးမှ မပေးရင် ဘယ်လိုလုပ်မလဲတဲ့  ။သူလာသေးတယ်နော်။
အင်း..အဲဒီခရီးသွားကလည်း ပိုက်ဆံ  ၅၀၀ ကျပ် ထုတ်ပေးရော။
မောင်နလည်း ပိုက်ဆံ ၅၀၀ ကျပ် လက်ထဲကိုင်ပြီး..နှုတ်ကနေ သိတယ် ..သိတယ် သိတယ်
အော်ပြီး ပြေးထွက်သွားတယ်ဗျ ။( သူက ဟိုလူမေးတဲ့ လိပ်စာကို တကယ်မှ မသိတာကိုး)
မောင်နက အဲဒီလို လူ။
အခု မောင်မြက မောင်နကို အသုံးချတော့မယ်..။
မောင်မြနဲ့ မောင်န တွေ့ ပြီ ။
မောင်မြက မောင်နကို မင်းက ငါ့ငွေ တစ်သောင်းခဏယူထားကွာ။
လူတစ်ယောက်ရှေ့ မှာ မင်းကိုခေါ်မေးမယ်။
“ငါပိုက်ဆံ သုံးတာ မင်းမြင်မိလားမေး၇င် မမြင်ဘူးလေလို့ ” ဖြေရမယ်။
“ငါ့ပိုက်ဆံ တစ်သောင်းအပ်ထားလို့ မေးရင်။မင်းက သိဘူးလေ လို့ ဖြေရမယ် ”
ငါ ဝေစု ၅၀၀ ကျပ်ပေးမယ် ။
မောင်န လည်း “ကောင်းပြီ..ပေးငွေတစ်သောင်း ”ဆိုတော့
မောင်မြလည်း ငွေတစ်သောင်းထုတ်ပေးလိုက်တယ်။
နောက်တစ်နေ့ ကျတော့ မောင်မြက လူတစ်ယောက်ကို မောင်နဆီ ခေါ်လာတယ်။
“ငါပိုက်ဆံ သုံးတာ မင်းမြင်မိလား ”
“မမြင်ဘူးလေ”
(မောင်မြစိတ်ထဲ..ဟား..ဟုတ်ပြီကွာ ...ငါလိမ်ညာလာတဲ့ငွေတစ်သောင်း
သုံးရဖြုန်းရဖို့ နီးပြီပေါ့ ။သူခေါ်လာတဲ့သူကတော့ မျက်နှာခပ်ပျက်ပျက်)
“ငါ့ပိုက်ဆံ တစ်သောင်းအပ်ထားလား ”
“သိဘူးလေ”
(မောင်မြစိတ်ထဲ ဟုတ်ပြီကွ ပေါ့)
“ငါ့ပိုက်ဆံတွေမင်းဆီမှာ ရှိလား”
“မသိဘူးလေ”
(မောင်မြက ခေါ်လာတဲ့သူကို  ကု ခင်ဗျားမြင်တဲ့အတိုင်းပဲ ကျုပ်ဆီမှာငွေလည်းမရှိဘူး။
ဘယ်သူဆီမှလည်းမအိပ်ထားဘူး.။ ပိုက်ဆံသုံးတာလည်း ဘယ်သူမှ မမြင်ဘူး ။
ခင်ဗျားပြန်လို့ ရပြီဆိုတော့..ဟိုလူလည်း စိတ်ညစ်ပြီးပြန်သွားတယ်။)
မောင်မြက မောင်နဆီက ပိုက်ဆံတစ်သောင်းပြန်တောင်းတယ်။
“မောင်န ငါ့ပိုက်ဆံတစ်သောင်းပေးကွာ..မင်းကို ဝေစု ၅၀၀  ကျပ်ပေးမယ်”
“ဘယ်ကတစ်သောင်းလဲကွ”လို့ မောင်န ကခပ်တည်တည်ပြန်ပြောတယ်။
(မောင်နတော့လုပ်ပြီနော်..ကတုံးပေါ်ထိပ်ကွက်)
“မင်းဆီ အပ်ထားတဲ့ငါငွေတစ်သောင်းလေ”
“သိဘူးလေ” (မောင်နဘူးခံတယ်)
“မနေ့ က မင်းဆီမှာ ငါအပ်ထားခဲ့တဲ့ငွေတစ်သောင်းပြောနေတာကွ”
“သိဘူးလေ”(မောင်မြတော့ပညာပြပြီ )
ဒါနဲ့ မောင်နက မေးတိုင်း သိဘူးလေ ချည်း ပြောနေတော့..
မောင်မြက မောင်နကို ရပ်ကွက်လူကြီးဆီခေါ်သွားတယ်။
အကျိုးအကြောင်းပြောပြီး ငွေအပ်ထားတဲ့ကိစ္စ လူကြီးက စစ်ပြန်တယ်။
“ဟေ့ကောင်..မောင်န မင်းကို မောင်နက ငွေတစ်သောင်း အပ်ထားလား”
“သိဘူးလေ”
“မနေ့ က မောင်မြ ကမင်းဆီမှာ ငွေတွေအပ်ထားတယ်ဆို”
“သိဘူးလေ”
“မင်း ငွေလိမ်မှုနဲ့ ရဲစခန်းရောက်ချင်လား”
“သိဘူးလေ”
ရပ်ကွက်လူကြီးက စိတ်မရှည်တော့..မောင်မြကို ပြောလိုက်တယ်။
“ဟေ့ကောင်..မောင်မြ  မင်းခေါ်လာတဲ့  အဲဒီ  သိဘူးလေ ဆိုတဲ့ကကောင်ကို မြန်မြန်
ခေါ်သွားကွာ။ တော်ကြာ ငါ စိတ်တိုရင် ...
သိဘူးလေကောင် သတ်မှုနဲ့ ထောင်ကျမယ်။ပြီးရင် မင်းပါ အဆစ်ပါနေမယ်နော်.
မြန်မြန်သာခေါ်သွားစမ်းကွာ..အဲဒီ သိဘူးလေ ဆိုတဲ့ကောင် ကို.”..။ တဲ့  ။
No comments:
Post a Comment